news
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား ၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်
နေပြည်တော်၊ အောက်တိုဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီး(၅)ဦးတို့သည် ယနေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တဆင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ် သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှ ပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူ ရောင်ခြည်နည်းပညာဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အထောက် အကူများစွာရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံ ကောင်းများ ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော် အောက်တိုဘာ ၁၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ညီလာခံခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော် မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ၅ နှစ်ကျော် ကာလနီးပါး ရပ်နားခဲ့ရသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အထူးအားထုတ်ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာ ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့်မှစ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ အကဲဖြတ် ပညာ ရှင်ကြီးများ၊ နည်းပြဆရာ၊ ဆရာမကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အောင်မြင်သိုက်မြိုက် ခမ်းနားစွာ ကျင်းပ ပြီးစီးခဲ့ပြီး ယခု ကဲ့သို့ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာ - ၁၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကို ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပ ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထောက်အကူပြုအဖွဲ့များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ တော်၏တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက် ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုရေးရာကိစ္စရပ်များ အပါအဝင် အဘက်ဘက်တွင် လစ်ဟာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက် ၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ် အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျင်းပခဲ့ရာမှ မကျင်းပခဲ့ သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်း ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံ ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ကျင်းပ ခဲ့ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံအေးချမ်းသာယာရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏သဘာဝ သယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျား သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ အရှည် တည်တံ့စေရန်အတွက် ဆိုရာတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ဖြစ်သည့် နိုင်ငံသားအားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရမည့်ကိစ္စ ဖြစ်ပါကြောင်း။
နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ်ပညာရှင်များ ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်း စေတနာများသည် အခြေခံကျသည့် အရင်းအမြစ်များပင်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ သမိုင်းအဆက်ဆက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် ဓမ္မ ဓိဋ္ဌာန်ကျသည့် အမြင် အသိကသာ လက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့်အတွက် နိုင်ငံနှင့် လူမျိုးအကျိုးကိုတိုးတက်မြင့်မားအောင် အားလုံးက ကြိုးပမ်းစွမ်းဆောင်သွား ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုအနုသုခုမများကလည်း ကွဲပြားခြားနားများပြား လှပါကြောင်း၊ အထောက်အထားများအရ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်များတွင် လူသားမျိုးနွယ်စတင်ခဲ့မှုနှင့်အတူ ရေမြေဒေသသဘာဝကို လိုက်ပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမဆိုင်ရာ အထောက်အထားများ၊ လက်မှုအဆင်တန်ဆာ အသုံးအဆောင်ပစ္စည်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများသည်လည်း တစ်ပါတည်းဆင့်ကဲ ပေါ်ထွန်းလာခဲ့ပြီးဖြစ် ပါကြောင်း။
တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့ပါကြောင်း၊ အဆိုပါ ရှိခဲ့သည့်စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်း မရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း။
ကွယ်လွန်သူ ဂီတပညာရှင်ကြီး စန္ဒရား ဦးလှထွဋ် ရေးသားပြုစုခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆု ချီးမြှင့်ခြင်းခံခဲ့ရသည့် “မြန်မာ့ဂီတ ရေစီးကြောင်း” စာအုပ်၌ ကမ္ဘာမှာရော မြန်မာမှာပါ Classic ဟုခေါ်သည့် ဂန္ထဝင်ဂီတပေါ်ထွန်းခဲ့သည့် ခေတ်တစ်ခေတ် ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အဆိုပါခေတ်မှာ ၁၈ ရာစုနှစ် အစောပိုင်း ကာလ၊ ဒုတိယအင်းဝဟု သတ်မှတ်သည့် ညောင်ရမ်းခေတ် ၁၇၁၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် စာဆိုတော်ဝန်ကြီး ပဒေသရာဇာက “ထံတျာတေရှင်” အစချီကြိုး သီချင်းများ၊ တျာခြင်းများ ရေးသားပြုစုနေချိန်၌ ဂျာမနီက ဂီတပညာရှင်ကြီးဘာ့(ခ်) (၁၆၈၅-၁၇၅၉) က God is My King အမည်ရှိ တေးဘွဲ့ကြီးကို သီကုံးနေချိန်ဖြစ်ပါ ကြောင်း။
၁၇၂၅ ခုနှစ်ဝန်းကျင်တွင် ဆီသည်ရွာစားဦးအောင်ကြီးက “အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား” စပ်ဆိုနေချိန်၌ အင်္ဂလန်က ဂီတပညာရှင်ကြီးဟင်ဒယ်လ်က သိမ်းမြစ်တွင် ဘုရင်ရေဆင်းပွဲသဘင်ကျင်းပသည့် “ရေဇလာဂီတ” Water Music ကို သီကုံးနေပါကြောင်း။
၁၇၈၀ ပြည့်နှစ်ခန့်တွင် ဂျာမန်ဂီတပညာရှင် မိုးဇက်က Magic Flute “မှော်ပလွေ” အော်ပရာကို ရေးသားချိန်၌ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံက “မဲဇာတောင်ခြေ” ရတုကြီးကို ရေးသားနေခဲ့ပါကြောင်း၊ ၁၉ ရာစု အစောပိုင်းဖြစ်သည့် ၁၈၀၀ ပြည့်နှစ်လွန်အချိန်များတွင် ဂျာမန်ဂီတပညာရှင် ဘေသိုဗင်ကနပိုလီယန် စစ်ချီ တက်ပုံကို ရေးဖွဲ့သည့် “ရဲစိတ်ရဲမာန်” တေးဘွဲ့ကြီးကို ရေးနေချိန်တွင် မြဝတီမင်းကြီး ဦးစက “သာဆန်းရဂုံဘွေ” ပတ်ပျိုးကြီးကို ရေးဖွဲ့နေပါကြောင်း။
၁၈၄၀ ပြည့်နှစ်ကာလများက ပိုလန်စန္ဒရားပညာရှင် “ရှိုပင်”က “ညဉ့်ယံ တေးများ” ဆိုသည့် တေးဘွဲ့ကိုရေးစပ်နေချိန်တွင် အနောက်နန်း မိဖုရားမမြလေးက “ချစ်သမျှကို” ဂန္ထဝင်ပတ်ပျိုးကြီးကို ရေးသားနေချိန် ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိထားပါကြောင်း။
ဆိုလိုရင်းမှာ ကမ္ဘာတွင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတ ဟူ၍ ပေါ်ပေါက်ပြီး ယနေ့ထိတိုင်ခိုင်မြဲနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့နှင့်ခေတ်ပြိုင် ဂန္ထဝင် အနုပညာ၊ ဂန္ထဝင်စာပေ၊ ဂန္ထဝင်ဂီတဆိုသည်များ ပေါ်ပေါက်ခဲ့ကာ ရှေးနှစ်ပေါင်း များစွာမှ ယနေ့ထက်တိုင် ခိုင်မြဲစွာတည်ရှိနေဆဲဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါ ကြောင်း။
အထက်တွင်တင်ပြခဲ့သည့် ဂန္ထဝင်အနုပညာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ၅ နှစ်ကျော် နီးပါး ရပ်တန့်ခဲ့ရသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ရှုထောင့် ပေါင်းစုံက စဉ်းစားခဲ့ကြ ရပါကြောင်း။
အထူးသဖြင့် တစ်ဖက်တွင် နိုင်ငံနှင့်တစ်ဝန်း၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံ တွေ့နေကြရသည့် ကိုဗစ်-၁၉ ရောဂါ၏ ပိုးတွေ့ရှိမှုနှုန်းသည် သတိထားနေရဆဲ အခြေ အနေတစ်ရပ်တွင် ရှိနေသေးသော်လည်း အခြေအနေအချိန်အခါအရ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လုပ်သင့်သည့်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သတိထားပြီး ကြိုတင် ကာကွယ်မှုများနှင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း။
တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရမည်
နေပြည်တော်၊ အောက်တိုဘာ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
ပြည်နယ်အတွင်း MSME လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်၊ ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊ ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကိုယ်စား ဦးဟန်ထွန်းဇော်၊ ပြည်နယ် ငါး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မော်လမြိုင်ဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်း နှင့် တက်ရောက်လာကြသူများက ရော်ဘာလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးစေလိုမှု၊ ဆားလုပ်ငန်း ဆောင်ရွက်ရာတွင် စက်မောင်းဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ပြည်နယ်မှ ထွက်ရှိသည့် ဆားကို ပြည်ပသို့ တင်ပို့နိုင်ရေး နှင့် ပြည်တွင်း၌ အဆင့်မြင့်ဆားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ရေလုံလောက်စွာ ရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးစေလိုမှု၊ ရော်ဘာထွက်ဒေသများနှင့် မွန်ပြည်နယ်မှထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် အတွက် အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နေမှု၊ ငါးမွေးမြူရေး လုပ်ငန်းများအတွက် အရင်းမပျောက် မတည်ချေးငွေများ လိုအပ်လျက်ရှိမှု၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆောက်လုပ်ရေးသုံး ပစ္စည်း များ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်လိုအပ်မှု၊ မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်းရှင်များ အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိလိုမှု၊ သံရည်ကျိုလုပ်ငန်းများ အတွက် လိုအပ်သည့် ကုန်ကြမ်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရရှိလိုမှု၊ ယက်ကန်း လုပ်ငန်းများအတွက် မတည်ချေးငွေများ လိုအပ်လျက်ရှိမှု၊ သတ္တုထုတ်လုပ်မှု လုပ်ငန်း များအတွက် ကုန်ကြမ်းသတ္တုများ လိုအပ်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
၂၀၂၂ ခုနစ်၊ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ မဟာဝိသုတာရာမ (အလယ်တိုက်)ရှိ သာသနာ့ဝံသကျောင်းမှ ဥူးပညာဇောတ၊ သက်တော် ၃၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ (ဘ)ဦးစံမြင့်၊ ဥူးနန္ဒာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးပြုံး၊ ဥူးဣန္ဒြာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊(ဘ)ဦးအောင်လွင်၊ ဥူးဝိစာရ၊ သက်တော် ၃၂ နှစ်၊ ဝါတော် ၁၂ ဝါ၊ (ဘ)ဦးမောင်ငွေတို့ ပါဝင်သည့် သံဃာတော် ၄ ပါးသည် ယာဉ်အမှတ်၊ MDY-RLG-1472 အမျိုးအစား NISSAN အနက်ရောင်ယာဉ်ဖြင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဥူးပညာဇောတ၏ နေအိမ်သို့ အလည်သွားရောက်ရန် ဥူးပညာဇောတ မောင်းနှင်ပြီး ပခုက္ကူမြို့မှတစ်ဆင့် ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းအတိုင်း သွားရောက်စဉ် ညောင်လှ ကျေးရွာအဝင် မီတာ ၅၀ ခန့်ကွာအရောက်၌ လမ်း၏ယာဘက် ၅ ပေခန့်အကွာမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲ ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။




























































































































































































































































