news

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄၀၀ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်စာမျက်နှာ အချို့တွင်ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။

                နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီးဒေါ်သန်းသန်းနွယ် ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်  အရာရှိကြီးများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိ ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။

          ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်တပ်နယ်၊ ပုဏ္ဏားကျွန်းတပ်နယ်နှင့် မောင်တောမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲသို့ သွားရောက်၍ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် အဆောက် အဦများ၊ နေအိမ်လိုင်းခန်းပျက်ဆီးမှုများအားကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

              ချင်းပြည်နယ်အတွင်းရှိ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် ပြည်သူများကို တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်း တွင် ချင်းပြည်နယ်၊ မတူပီမြို့ ၅၀၀ ဆံ့ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ မတူပီမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

              ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လယ်ပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

            ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ဒေးဒလူကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ ဘုန်းကြီးသောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်ကျေးရွာရှိ မှန်ကျောင်းတိုက်နှင့် ငပုတောမြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ခမောက်မော်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းများသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်၍ အမိုးသွပ်ပြားများ၊ ခေါင်အုပ်သွပ်ပြားများ၊ သစ်များနှင့်သွပ်သံများ ပေးအပ် လှူဒါန်းသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။