သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော်၊ ဇူလိုင် - ၁

Saturday, July 1, 2023 - 17:00

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ အုန်းတောကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များ သည် မြောက်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်း/ အပြင်၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            ထို့အတူ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် အခြေခံပညာအထက်တန်းကျောင်းရှေ့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

            အလားတူ မောတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်း၍ မောင်နီရပ်ကွက်ရှိ ဒေသခံပြည်သူ မျာအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်း များနှင့်အတူ မြို့မတောင်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၀န်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ဗိုလ်မှူးရုံ လမ်းအတွင်းရှိ လမ်းဘေးဝဲ/ယာနှင့် ပိတ်ဆို့နေသောရေမြောင်းအတွင်းရှိ အမှိုက်အညစ် အကြေးများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            ထို့အတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ အစိုးရရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနေအိမ် လိုင်းခန်းခြံဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ဘူးသီးတောင်မြို့အတွင်း၌ သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးပြီး နယ်လှည်ဆေးကုသရေးအဖွဲ့က ဝေနေယျသုခပရဟိတ စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။