Wednesday, June 21, 2023 - 17:00
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃၁ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၂၁ ရက် )
ပြည်သူ့အလုပ်သမားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ အခန်း (၂၅)၊ တိုက် (၈)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်သူ့အလုပ်သမားပါတီ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ပြည်သူ့အလုပ်သမားပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၂၆) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်