ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အလစ်အငိုက် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ထန်တလန်မြို့အတွင်းသို့ ဝင်ရောက်ကာ ငါနဲ့မတူ၊ ငါ့ရန်သူ ဟု သဘောထား၍ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင်အဆောက်အဦများအား ဖျက်ဆီးခြင်း၊ မီးရှို့ ခြင်း၊ ၎င်းအဆောက်အဦများကို အကာအကွယ်ရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား များ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ် ရေးလမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကျူးလွန် လျက်ရှိသည့် CNF ၊ CDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်း များက အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter– Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့အား အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းများက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။
news
TNLA အကြမ်းဖက်သူများက နမ့်ခမ်းမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာယာကုန်းရပ်ကွက်မှ အသက် ၁၂ နှစ်နှင့် ၉ နှစ် အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ TNLA အကြမ်းဖက်သူ များက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သာယာကုန်း ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ကလေးငယ် ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
Online လောင်းကစားနှင့်လိမ်လည်မှုများသည် မြန်မာနိုင်ငံမှတရုတ်ပြည်သူများအားလိမ်လည်ခြင်းမဟုတ်သလို တရုတ်နိုင်ငံမှလည်းမြန်မာပြည်သူများအား လိမ်လည်ခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားသော ပြည်ပြေးလူလိမ်တစ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလုပ်ဆောင်နေခြင်းဖြစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုအကျဉ်းချုပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လေ့ကျင့်ရေး ကဇာတ်ရုံ၌ ကျင်းပပြုလုပ်လျက် ရှိသည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲများသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြား ပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာဒေသနာတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားတဲ့ နေ့ထူး နေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ယခုနှစ် ဩဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓါဘိသေကအနေ ကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကာ နေ့ထူးနေ့မြတ် အခါသမယများတွင် အထူးစည်ကားများပြားလျက်ရှိသည်ကို တွေ့ရှိရ သည်။
အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ လာရောက်လာပတ်သူများ စည်ကားများပြားလျှက်ရှိရာ၊ အမရပူရမြို့ရှိ ဦးပိန်တံတား၌ လူများပြားသဖြင့် ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က တောင်သမန် ဘက်ခြမ်း၊ တိုင်အမှတ် ၃၃၉ နှင့် ၃၄၀ ကြား ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျား ၈ ဦး မ ၁၅ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တံတားပျက်စီးရာသို့ တာဝန်ရှိသူများက လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင် ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို (၂၈- ၁၀ -၂၀၂၃) ရက်နေ့ (၁၀း၀၀) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ ဦးသိန်းစိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရေးပါတီများထူထောင်မှုကို စနစ်တကျ ဖြစ်စေရန် ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန် ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှု များ မဖြစ်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု များကို ပြောကြားခဲ့သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။