news

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီး ကျောင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုန်း တော်ကြီးကျောင်း၌ ပြုလုပ်ရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မေဇောတိကဓဇ ၊ အဂ္ဂမဟာ ကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့်တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။

          ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းဆင်မြန်းခဲ့သော နေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည်  ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော နေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်း တို့ကြောင့် ဗုဒ္ဓ ဘာသာဝင်     သူတော်စင်တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့်နေ့ထူးနေ့မြတ် ဖြစ်သည်။

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဓမ္မောဒယ စာသင် တိုက်ရှိ သံဃာတော်များနှင့် အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

        ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA သောင်းကျန်း သူများ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မေလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

          ၂၀.၅.၂၀၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၁၂၄/၁၄-၁၃ ရှိ တံတားအမှတ်-၇၈ ပေ ၆၀ အောက်ခံသံဘောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်းသိရှိရပါသည်။

ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင် ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက် တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ သို့မှသာလျှင် အဆိုး အကောင်း၊ အကျိုးအကြောင်း ခွဲခြားသိမြင်မှုနှင့်အတူ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်ကောင်းများ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ မှတ်တမ်းကောင်း ပုံရိပ်များသည် မိမိတို့၏မိဘဆွေမျိုးဂုဏ်ကို ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့ မိမိတို့ကျောင်း၊ ရပ်ရွာမှသည် နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ရာ မှတ်ကျောက်များပင်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

          နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေစကြိုမြို့ နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်း အမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

၂၀၂၄ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ  ကာကွယ်ရေးဦးစီးချုပ် (လေ)ကိုယ်စား လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် ဝင်းမောင်သိန်းနှင့် တပ်မတော်(လေ)မှ  အရာရှိ/စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများ၊ ဖိတ်ကြားထားသူများနှင့်    အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။