ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ ဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ချီးမြှင့် အပ်နှင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ ဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ခရီးစဉ်တွင် လိုက်ပါလာသည့် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ၅-၃-၂၀၂၅ ရက်နေ့၊ ´၁ဝ၃ဝ နာရီက ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌ ချီးမြှင့်အပ်နှင်းခဲ့သည်။
ချီးမြှင့်ပွဲအပြီးတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး နှင့် မြန်မာနိုင်ငံက အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး၏ ညှိနှိုင်းရေးတာဝန်ခံနိုင်ငံ တာဝန်ထမ်းဆောင်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။