news

          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရပါသည်။

        အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်း သားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ များသည် ယနေ့တွင် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦး အား PDF အယောင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား  ဧရာဝတီမြစ်ကိုအခြေခံ၍ မကွေးတိုင်းဒေသကြီးတစ်ခုလုံး၏ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အလေးထားမှာကြားလို

နေပြည်တော်၊ မေ - ၂၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင် ရာ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး  (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

  ယနေ့ နံနက် ၁ နာရီ ၄၂ မိနစ်ခန့် နှင့် ၂ နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့်ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကိုယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် ပေါ်တွင် ဝါဒဖြန့်လှုံ့ဆော်နေသည်ကို တွေ့ရှိရပါသည်။

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု ကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအသုံးပြုနေသည့် လမ်း၊ တံတားများနှင့် မီးရထားလမ်းများကို မိုင်းထောင် ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင် လျက်ရှိသောနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။

        မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ အကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွား ရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။