news
ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ် တောင်ဘက်အစွန်းဆုံးရှိ ဆားကုန်ဘုတ် ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များမီးရှို့နေပြီး ကျေးရွာရှိစားနပ်ရိက္ခာများကို ယူဆောင် နေကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)ကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇန်နဝါရီလ၂၈ ရက်နေ့မှစ၍ မြို့တွင်းသို့ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် အစားအသောက်၊ အဝတ်အထည်များ တင်ဆောင်သည့်ကုန်တင်ယာဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးပြီး ကုန်တင်ယာဉ် တစ်စီးလျင် ငါးသောင်းကျပ်မှ ရှစ်သောင်းကျပ် အထိ ငွေပေးမှသာ မြို့တွင်း သို့ ဝင်ခွင့်ပြုသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ နေသည်ကိုတွေ့ရှိရသည်။