နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ မီဒီယာများအားဖြေကြားချက် မေ ၁၁

Sunday, May 11, 2025 - 18:45

ဒီရုရှားနိုင်ငံရဲ့ နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲ ကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံ တစ်နိုင်ငံတည်းအတွက်  သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းက ကမ္ဘာမှာဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက်မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့အတိုင်းပဲ၊  ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူ တစ်ရပ်လုံးလည်း နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုပဲ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ နိုင်ငံတွေမှာလည်း ဖက်စစ်စနစ်ရဲဆိုးကျိုး တွေ ခံခဲ့ရတယ်။ ဥပမာ-ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးကိုသိချင်ရင် မြန်မာနိုင်ငံမှာဆို ငဘဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်။ ဖတ်ကြည့်ပါ။ ဒါဖြစ်ရပ်မှန်တွေကို ရေးသားထားတာ၊ ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းကြောင်းကြီးကို အခြေခံပြီးရေးသားထားတာပါ။ ဒီလိုပဲ ကျွန်တော်တို့ အိမ်နီးနားချင်း တရုတ်နိုင်ငံမှာဆိုလည်း နမ့်နင်းလူသတ်မှုတို့ဘာတို့ရှိခဲ့တယ်။ ဒီလိုပဲ အရှေ့ဥရောပထဲပါတဲ့ ရုရှားဟာဆိုလည်း အရှေ့ဥရောပမှာ ဒီနာဇီစနစ်ကို အဓိကထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့နိုင်ငံပေါ့။ သူ့ရဲ့လူဦးရေ ၂၆သန်း လောက် အသက်ပေးသွားရတာရှိတယ်။ ၂၆သန်းဆိုတဲ့လူဦးရေဟာ   ခုခေတ်လူဦးရေနဲ့ ချိန်ဆကြည့်မယ်ဆိုရင်တောင် အတော်များတဲ့ လူဦးရေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သူတို့ကအောင်ပွဲလုပ်ကြတာဖြစ်တယ်။
ဒါက ယခင်က အတိတ်သမိုင်းကြောင်းဖြစ်ပါတယ်။ အခုခေတ် သမိုင်းကြောင်းကိုကြည့်မယ်ဆိုလျှင် ကျွန်တော်တို့ ခဏခဏပြောနေတဲ့ ခေတ်သစ်ကိုလိုနီဝါဒရှိမယ်။ ခေတ်သစ်မှာ စီးပွားရေးလက်ဝါးကြီးအုပ်မှု တွေရှိတယ်။ ခေတ်သစ်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေ အပေါ်မှာ လွှမ်းမိုးလိုတဲ့ဆန္ဒတွေ အမြဲရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့က ပူးပေါင်းပြီးတော့ တိုက်ဖျက်သွားရမယ်။ ပူးပေါင်းပြီးတော့ ဆန့်ကျင်သွားရမှာဖြစ် တယ်လို့ပြောချင်တယ်။  ဒီနေရာမှာ မြန်မာ့တပ်မတော်အနေနဲ့လည်း ဒီနှစ် (၈၀)ပြည့်အခမ်းအနား မှာ ဒါ ကျွန်တော်တို့ ပထမဦးဆုံးအကြိမ်အနေနဲ့ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ စစ်ရေးပြလျှောက်ခဲ့တယ်။  ဂုဏ်ပြုချီတက်ခဲ့တယ်။ ဒီအတွက်လည်း မြန်မာ့တပ်မတော်အနေနဲ့က နိုင်ငံတကာတပ်မတော် တွေနဲ့အညီ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ မြန်မာ့ တပ်မတော်သည် ဒါရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်တစ်ရပ်ဖြစ်တယ်။ နံပါတ်နှစ် မြန်မာ့တပ်မတော်သည် နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီဆောင်ရွက်နိုင်တဲ့  တပ်မတော်ရှိတယ်ဆိုတာ ထင်ထင်ရှားရှား ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယခင်ကတည်းက ပြောခဲ့တယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတဲ့ စကားကိုပြောခဲ့တယ်။ ဒါကို တချို့ သောတပ်မတော်မှေးမှိန်အောင် လုပ်ချင်တဲ့သူတွေက ဆန့်ကျင်ဘက်စကားတွေ ပြောကြတာပေါ့ဗျာ။ သို့သော် ခုခေတ်မှာကြည့်လိုက်ပါ။ မိမိရဲ့တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊   မိမိတိုင်းပြည်ရဲ့  ဂုဏ်ကျက်သရေရှိရေးပေါ့ နော်။ ဒီအတွက် ကာကွယ်ရေးအင်အား တောင့်တင်းဖို့လိုတယ်။တပ်မတော် အင်အားတောင့်တင်းဖို့လိုတယ်။ မိမိရဲ့ အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲဖို့ ဆိုရင် ရိုသေခံ့ညားလောက်တဲ့ ကာကွယ် ရေးအင်အားစုရှိဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့  တစ်နိုင်ငံလုံး  တစ်နိုင်ငံသားလုံးကသိရှိဖို့သဘော ပေါက်ဖို့၊ ဂုဏ်ယူဖို့ လိုတယ်။ ဒါတွေကိုကျွန်တော်တို့ဖော်ဆောင်ဖို့လိုတယ်။ ဖော်ဆောင်နိုင်အောင်လည်း အခွင့်ရေးရခဲ့တယ်လို့ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။

တရုတ်နိုင်ငံသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါမှာပေါ့။ မြန်မာနိုင်ငံအတွက် အချက်သုံးချက်ပဲပြောလိုတယ်။နံပါတ်တစ်အချက်ကတော့မြန်မာ့ရဲ့အချုပ်အခြာအာဏာ၊ဖွံ့ဖြိုးတိုးတက်မှု ဒါတွေကို တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်း
ကောင်းပီသစွာ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံလျက်ရှိတယ်။ နံပါတ်နှစ်အနေနဲ့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ တရုတ်သည် သူများ၏ပြည်တွင်း
ရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိတယ်။
 ဒါ့အပြင် ကျွန်တော်တို့နှစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို လက်ခံကျင့်သုံးလျက်ရှိတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်း
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။ သူ့ရဲ့အနောက်ဘက် ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ကောင်းတဲ့ဘက်
ကရှုမြင်ပြီးတော့၊ ကောင်းတဲ့ဘက်က မျှော်မှန်းပြီး မြန်မာနိုင်ငံ ပြည်တွင်း
ငြိမ်းချမ်းရေးကိုဆောင်ရွ်ပေးလျက်ရှိတယ်။ ဒါတွေကိုလည်းဆက်လက်
ဆောင်ရွက်ပေးသွားမယ်ဆိုတာမျိုးရခဲ့တယ်။ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ရွေးကောက်ပွဲပေါ့။  ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်
ဝန်ကြီးချုပ်ပြောခဲ့ပြီးသား။ ဒီနှစ်နှစ်ကုန်ပိုင်းမှာကျင်းပပေးမှာဖြစ်တယ်။
တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ့်ဟာတွေနဲ့ ပတ်သက်ပြီးတော့ထောက်ခံအားပေး
တာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့သတင်းကောင်းပါးလိုတာကတော့
မြန်မာပြည်သူလူထုယခင် ကတည်းက လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုက
ရေစီအထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာသည်ယခင်က
တည်းကတိုင် တပ်မတော်ရဲ့ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့တယ်။ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကိုရယူ
ခဲ့တယ်။ ခုချိန်မှာတော့ မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီ
စနစ်ကို ကျွန်တော်တို့အနေနဲ့ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

အဓိကပထမဦးဆုံးအပိုင်းပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့
အပိုင်းပေါ့။နိုင်ငံရေးပါတီတွေရဲ့ အပိုင်းမှာ ကြိုတင်ပြင်ဆင်မှု
တွေလုပ်ဆောင်ရမှာရှိတယ်။ပြီးရင် ပြည်သူလူထုကိုအသိပေးပညာ
ပေးရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့ နံပါတ်တစ်ပြောလိုတယ်။နံပါတ်နှစ်ကတော့   ကျွန်တော်
တို့ပြည်သူလူထုရဲ့ အပိုင်းပါ။ပြည်သူလူထုရဲ့အပိုင်းမှာ ကျွန်တော်တို့
သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို
အလိုရှိတယ်လို့ပြောပြီးပြီ။ပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိရင်  ငြိမ်းချမ်းစွာ
တရားမျှတရေးရွေးကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။
ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အကြမ်း
ဖက်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါလို့ ကျွန်တော့်အနေနဲ့
ပြောချင်ပါတယ်။ဒီရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးက ကြာပါပြီ၊ ခိုင်မြဲတဲ့
ဆက်ဆံရေးဖြစ်တယ်။ပထမဦးဆုံးဆက်ဆံရေးကတော့တပ်မတော်အချင်းချင်းဆက်ဆံရေးကနေ စခဲ့တာပေါ့။ယခင်တပ်မတော် အစိုးရလက်ထက်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊နိုင်ငံတော်အေးချမ်း
သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းက နေစခဲ့တာ
ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေး
ဟာ တပ်မတော်နယ်ပယ်တင်မကဘဲနဲ့ ကဏ္ဍပေါင်းစုံမှာပါ ဖွံ့ဖြိုးတိုးတက်
လာပြီဖြစ်တယ်။ ဆက်လက်ပြီးလည်းဖွံ့ဖြိုးတိုးတက်လာမှာ ဖြစပါတယ်။ဒီအတွက်လည်း ဒီရုရှားကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာတွေရောက်တဲ့အခါမှာပေါ့နော်။ ဒီအစိုးရတွေ ကျွန်တော်တို့ အစိုးရအချင်းချင်းတို့၊ တပ်မတော်အချင်းချင်းတော့ ကျွန်တော်
မပြောသေးဘူး။ ပြည်သူအချင်းချင်း၊ ပြည်သူအချင်းချင်းဆက်ဆံရေးပေါ့။ ရုရှားပြည်သူတွေရဲ့မြန်မာပြည်သူလူထုအပေါ်မှာအမြင်၊ မြန်မာပြည်သူ
တွေရဲ့ရုရှားပြည်သူလူထုအပေါ်မှာအမြင်ဟာ  တိုးတက်ခိုင်မာနေ
တယ်လို့မြင်ပါတယ်။ ဒီအတွက်လည်းကျွန်တော်တို့လိုလိုလားလား
ရှိတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်ဂုဏ်ယူပါတယ်။ ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့  ခရီးစဉ်မှာနှစ်(၈၀)ပြည့်ရုရှားရဲ့ မဟာမျိုးချစ်
အောင်ပွဲ၊ အဲ့ဒီမှာ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေ   တော်တော်
များများတက်ကြတယ်။ နိုင်ငံခေါင်းဆောင်တွေတော်တော်များများ
တက်ကြတဲ့အခါမှာ ဒီမြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်အနေနဲ့ ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခဲ့ပြီး
တော့ကျ စကားပြောခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကို ပိုမိုနားလည်
သဘောပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ဖြစ်ရပ်
မှန်တွေနဲ့ပတ်သက်ပြီးပြောပြနိုင်ခဲ့တယ်။ ရှင်းရှင်းပြောရရင်တော့မြန်မာကို  ကမ္ဘာကနိုင်ငံတကာက  ပိုမိုနားလည်နိုင်အောင် စွမ်းဆောင်
နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။