မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော Grade-12 ပြန်လည်ဖြေဆိုမည့် စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ နေထိုင်စားသောက်ရေးနှင့် အခက်အခဲမရှိ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံမှ အဖွင့်အမှာစကားပြောကြားကာ တာဝန်ရှိသူ အသီးသီးမှ ဆွေနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ တောင်ဖီ လာတောင်ရှိ ပတ္တမြားစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ပတ္တမြား စေတီနှင့် သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီ ရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမ၌ စစ်ကိုင်းမြို့ရှိ ရပ်ကွက်(၆)ရပ်ကွက် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေ ငွေကျပ်(၄၇၃၇၅၀၀၀၀) သိန်းနှင့် အာဆီယံလူသားချင်း စာနာထောက် ထားမှု ကူညီရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center)မှ မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် နှစ်(၇၀၀)ပြည့် အားကစားကွင်း ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းရှိ ပြည်သူများ အားကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးသင့်လူနေအိမ် နမူနာပုံစံ ဆောက်လုပ်နေမှု ကိုကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဒဏ်သင့် ပြည်သူများ စောင့်ရှောက်ရေးစခန်း၌ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်း စနစ်တကျရှိစေရေးတို့ကို စခန်းရှိတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်ဆီးခဲ့သော အင်းဝ တံတားသို့ သွားရောက်၍ ယာယီရှင်းလင်းဆောင် တည်ဆောက်နေမှု အခြေအနေများ အားလည်းကောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှ တာဝန်ယူ ဆောင်ရွက်နေ သော ခုံးအမှတ် ၄/၅ တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းခွင်၌ တံတား၏ ဘယ်/ညာ ကားလမ်းရှိ ဖြတ်တောက်ထားရှိသော ကျောက်ပြားများ၊ လက်ရမ်းသံဘောင်ဖြတ်စများကို ကမ်းပါးပေါ်သို့ ဝန်ချီစက်ဖြင့် သယ်ယူရွှေ့ပြောင်း နေမှု အခြေအနေများအားလည်းကောင်း၊ ဝန်ချီစက်တင်သင်္ဘောများ လုပ်ငန်းနေရာ ရွှေ့ပြောင်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှု၍ လုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံမှုရှိ စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိ သူများအား တံတားအပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းပြီးစီးမှုများကို နေ့စဉ်မှတ်တမ်းတင် ထားရှိရန် ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
၎င်းနောက် မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ အကွက် အမှတ် (၄၀၂) ရှိ ရွှေဘိုကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသအား ဖူးမြှော်ကြည်ညို၍ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အဆိုပါ ကျောင်းတိုက်အတွင်း ဖွင်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီ ကယ်ဆယ်ရေးစခန်းတွင် ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၉) စုစာအတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ငလျင်ဒဏ်သင့် ပြည်သူများက လက်ခံရယူသည်။
ထို့နောက် ငလျင်ဘေးသင့်ပြည်သူများအတွက် သောက်သုံးရေရရှိအောင် ဆောင် ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများအား လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ မီးဘေး အန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားပြီး ငလျင်ဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
၎င်းနောက် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ပန်းစုံကျောင်းတိုက် အတွင်း ဖွင်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြား သည်။ ယင်းနောက် ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၇၅) စုစာအတွက် ဆန်၊ ဆီ၊ ကုလားပဲစသည့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ငလျင်ဒဏ်သင့်ပြည်သူ များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများအား အချိန်အခါမဟုတ်မိုးများရွာသွန်းနေခြင်းကြောင့် ဖျားနာရောဂါများ၊ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ အမှိုက်များအား စွန့်ပစ်ကန်ဖြင့် စနစ်တကျ စွန့်ပစ်နိုင် စေရေး၊ ယာယီနေထိုင်သူများကို စနစ်တကျ မှတ်တမ်းပြုစု ထားရှိစေရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရွှေကြက်ကျဆုတောင်းပြည့် မြတ်စွာဘုရားသို့ သွားရောက်၍ ဌာပနာပစ္စည်းများကို သမိုင်းဝင်အောင်မြေ ရွှေကြက်ကျဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်းသို့ သွင်းလှူ ပူဇော်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
၎င်းနောက် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များကို ရှေးမူမပျက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
ထို့နောက် မန္တလေးမြို့၊ မန္တလေးတောင်တော်သို့ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော မွန်းတည့်သိမ်ဘုရား ပြုပြင်နေမှုအခြေအနေများအားလည်းကောင်း၊ စန္ဒာမုခိဘုရား ပြုပြင်နေမှုအခြေအနေများအား လည်းကောင်း၊ ဆုတောင်းပြည့် ဘုရားရင်ပြင်တော်ရှိ ဂန္ဓကုဋီတိုက်ပြုပြင်နေမှု၊ အမိုးခုံးတိုင်များပြုပြင်နေမှု၊ ဓာတ်လှေကား၊ စက်လှေကားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့နယ်၊ မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ အုတ်စက်ရုံတွင် ကျောက်မီး သွေးမှုန့်တို့ဖြင့် ရောစပ်ထုတ်လုပ်ထားသော အရည်အသွေးကောင်းမွန်သော အဆင့်မြင့်အုတ်များထုတ်လုပ်နေမှု၊ စက်ရုံလည်ပတ်နေမှုအခြေအနေများအား တာဝန် ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး စက်ရုံအတွင်းရှိ ကျောက်မီးသွေးမှုန့်ကုန်ကြမ်း များမှတစ်ဆင့် အရည်အသွေးမြင့်အုတ်များ ထွက်ရှိလာမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ စက်ရုံမှထွက်ရှိသော အုတ်များအား ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ အရည်အသွေးမကျဆင်း စေရေးနှင့် အုတ်များတိုးမြှင့်ထုတ် လုပ်နိုင်ရေးတို့အား မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်ခရိုင်၊ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စုရှိ သုခိစံကုမ္ပဏီ ကျောက်မီးသွေးတွင်း၌ ကျောက်မီးသွေးများ စုပုံထားရှိမှုအခြေအနေများနှင့် ဘိလပ်မြေ စက်ရုံများသို့ကျောက်မီးသွေးကုန်ကြမ်းများ ပေးသွင်းနေမှုအခြေအနေများအား သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘိလပ်မြေစက်ရုံများ လည်ပတ်နိုင်ရေးအတွက် လိုအပ် သော ကျောက်မီးသွေးကုန်ကြမ်းများအား စက်ရုံများသို့ပေးသွင်းရာတွင် အရည်အသွေး ပြည့်မီစွာ ပေးသွင်းနိုင်ရေး၊ ဘိလပ်မြေစက်ရုံများ လည်ပတ်ရန်အတွက် လိုအပ်ချက်များ အတိုင်း အလျင်မီစွာပေးသွင်းနိုင်အောင်ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေ ရန်နှင့် မီးဘေးလုံခြုံမှုစနစ်တကျရှိစေရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ကူမဲမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ပြည်သူများ၏အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ် အထူး ဈေးနှုန်းဖြင့် အမှန်တကယ်လိုအပ်လျက်ရှိသော ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ လက်ဝယ်သို့ စနစ်တကျတိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ငလျင်ဒဏ်အင်အား ရစ်(ခ်)တာ စကေးအဆင့်(၈)အထိခံနိုင်သည့်အဆောက်အအုံများ တည်ဆောက်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုရှိ Mandalay Rising Star ကုမ္ပဏီလီမိတက်၊ MRS အုတ်စက်ရုံသို့သွားရောက်၍ အုတ်များထုတ်လုပ်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ စက်ရုံမှ ထွက်ရှိသောအုတ်များအား ဦးစားပေးစနစ်ဖြင့်ရောင်းချပေးနိုင်ရေး၊ အရည် အသွေးကောင်းမွန်စေရေးနှင့် အုတ်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အား မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၁၁ ရက်
Sunday, May 11, 2025 - 19:15