ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၁၀ ရက်

Saturday, May 10, 2025 - 16:15

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးရပ်ကွက်ရှိ မဟိယင်္ဂဏစေတီ၌ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေသော သာသနိကအဆောက်အဦ များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များ၊စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍   ရှင်းလင်း ဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမ၌ ဇေယျာရပ်ကွက် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေငွေကျပ် (၆၁,၇၆၅,၀၀၀)သိန်း၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center)မှ မီးဖိုချောင်းသုံးပစ္စည်းများ နှင့် ဘရူနိုင်း နိုင်ငံမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ပေးသော ငွေကြေးများ၊ ထောက်ပံ့ပစ္စည်းများ၊ ရိက္ခာများနှင့်ပတ်သတ်ပြီး အသေးစိတ် ရှင်းလင်း ပြောကြားကာ ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။ ထို့နောက် မလေးရှာနိုင်ငံ ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့အား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တန်းဖိုသင့် လူနေအိမ် နမူနာပုံစံဆောက် လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီ နှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးလျက်ရှိ သော လူနေ အဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း ၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
 ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၊ သောတပန်ရပ်ကွက်ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိက အဆောက်အဦများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။  
ထို့နောက် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ  သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည်  မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ တွင် ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေး စခန်းသို့ သွားရောက်၍  ဘုံးအိုးကျေးရွာအုပ်စုအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ   ငလျင်ဘေးသင့် ပြည်သူ အိမ်ထောင်စု (၇၀၀) စာ အတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့် ထောက်ပံ့ပစ္စည်း များအား ပေးအပ်လှူဒါန်းရာ ငလျင်ဒဏ်သင့်ပြည်သူများကိုယ်စားကျေးရွာမှ တာဝန် ရှိသူ တစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ အဆိုပါ ကျေးရွာတွင် ဖွင့်လှစ်ထားသော ငလျင်ဘေးသင့် ပြည်သူ များ ယာယီကယ်ဆယ်ရေးစခန်းရှိ ယာယီဝတ်ပြုဆောင်နေရာသို့ လည်းကောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် ရေရရှိအောင်ဆောင်ရွက်ထားရှိမှု အခြေအနေ များအား လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက် ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး၍  သောက်ရေသုံးရေဖူလုံစွာရရှိရေး စနစ်တကျစီစဉ် ဆောင်ရွက်ပေးရန်၊ ကူးစက်ရောဂါ များ မဖြစ်ပွားစေရေးနှင့်   ယာယီ နေထိုင်သူများကို စနစ်တကျ မှတ်တမ်းပြုစု ထားရှိ စေရေးတို့အား မှာကြားခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းသာရဆုတောင်ပြည့် မြတ်စွာဘုရား၊  အောင်မြေသာစံမြို့နယ်ရှိ ရာဒါကစ္စနာ ဟိန္ဒူဗုဒ္ဓဘာသာဘုရားကျောင်း ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ဝိပဿနာ သာသနာ့ရောင်ခြည်ဓမ္မရိပ်သာအတွင်းရှိ ငွေကမ္ဘာကျောင်းဆောင်၊ လေးကျွန်းမာန်အောင်စေတီ၊ ရန်ဘေးကင်းရှောင် မြတ် ထွဋ်ခေါင် စေတီ၊ ငါးပါးမာန်အောင်ထွဋ်ထိပ်ခေါင်စေတီ၊ ပြည်လုံးချမ်းသာ ရေကန် အမှတ်(၃၉)၊ အမရပူရမြို့နယ်ရှိ ပဲ့ပါမင်းကျောင်းတိုက်နေရာများရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အဦ အပျက်အစီးများကို တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နေသည်များကို လည်းကောင်း၊ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဘုရားစေတီပုထိုး များတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုအားပေးပြီး ဆရာတော်ကြီးများအား အလှူငွေများပေးအပ်လှူဒါန်းကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရား စေတီပုထိုးများမှ အပျက်အစီးများရှင်းလင်းစဉ် ပြန်လည်သိမ်းဆည်း တွေ့ရှိရသော ဌာပနာပစ္စည်းများအား စနစ်တကျထားရှိထိန်းသိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် အမရပူရမြို့နယ်၊ မိန်းတန်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း သို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော် သားများစုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား လည်းကောင်း၊  စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ တာဝန် ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေး ဒဏ်သင့် ပြည်သူများ၏ ပျက်စီးသွားသောအဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သား ပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လက်ဝယ်သို့ စနစ်တကျတိုက်ရိုက်ရောင်းချပေးနေသည်ဖြစ်ကာ ငလျင်ဒဏ်ကြောင့် အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများကိုသာ စနစ်တကျ စိစစ်၍ ရောင်းချပေး နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများနှင့် လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ပလိပ်မြွေဘုရားဝန်း အတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် သာသနိက အဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုကျပျက်စီး နေသော အပျက်အစီးများအား အမြန်ဆုံးရှင်းလင်းဖယ်ရှားဆောင်ရွက်ရန်၊ ဘုရားစေတီ များ ပြန်လည်ပြုပြင်တည်ထား ပူဇော်နိုင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည် ပြုပြင်တည်ဆောက်ရာတွင်ရှေးမူမပျက်ပြုပြင်နိုင်ရေးအတွက် အမျိုးသားယဉ် ကျေးမှုနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနသို့တင်ပြပြီး ဆောင်ရွက်သွားရန်နှင့် ဘုရား ဂေါပက အဖွဲ့များ၏ တင်ပြချက်များအပေါ်  တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ထို့နောက် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယာယီရုံး ဖွင့်လှစ် ဆောင်ရွက်ရန်အတွက် Modular Container House များ တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ရေ၊ မီး၊ မိလ္လာစနစ် များ စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး   လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော နိုင်ငံသားမှတ်ပုံတင်၊ အိမ် ထောင်စုစာရင်း များအား ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ထို့နောက် စဉ့်ကိုင်မြို့နယ်၊ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ယာယီရုံးဖွင့်လှစ် ဆောင်ရွက်ရန်အတွက် Modular Container House များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။