Saturday, May 10, 2025 - 16:15
ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)မှ လေ့လာရေးခရီးသွားရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်း ဌာနချုပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဧလာ)သို့ တပ်မတော်လေယာဉ် ဖြင့် ပို့ဆောင်ပေးသည်။
အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။