စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ် ခန့်တွင်ကလေးခရိုင်၊ PDFအမည်ခံအကြမ်းဖက်အဖွဲ့ တပ်ရင်း(၉)မှ တပ်စိတ်မှူး အဆင့်ရှိသူ ဖိုးသင်္ကြန်(ခ) တန်ခူး(ဘ)ဦးချစ်ဖေ သည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ် ၁ လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဥပဒေ ဘောင်အတွင်းဝင်ရောက်လာကြောင်း သိရှိရသည်။
news
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး ရထား လမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ် ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီ ပိတ်ထားကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ထိထိရောက် ရောက် ဖော်ထုတ်အရေးယူ နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ကျေးရွာမှ အခြေခံပညာကျောင်းတက် နေသည့် ကလေး ၂ ဦးကို စစ်မှုထမ်းဆောင်ရန် အကြောင်းကြားခံရကြောင်းနှင့် စာသင်ကျောင်း များတွင် အသက် ၁၈ နှစ်ပြည့်ရန် လပိုင်းလိုသေးသည့် ကျောင်းသားစာရင်းများပါ ကောက်ယူနေ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြ သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့သည်။
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာ စကားပြောကြားသည်။
PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိ
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ - ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။





























































































































































