နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများတက်ရောက်ကြသည်။
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြ
အစီအစဉ်အရပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းလည် ပတ်လျက်ရှိမှုအခြေအနေများ၊ အထွေထွေတင်ပြချက်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးမှာကြား၊ လျှပ်စစ်စွမ်းအင်ဆိုင်ရာ
တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင်လိုအပ်ချက်ပြည့်မီမှုမရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအင် မရှိပါက ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေး စီမံ ကိန်းများကို ယခင်ကာလများ ကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လည်း အဆိုပါ ရှိရင်းစွဲလျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုး ကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ် အား ဖူလုံမှုမရှိခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန် သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ် ကြောင်း၊ ပြည်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအား ဟူ၍ ရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများ ပေါ်၌ ဆောင်ရွက်၍ရနိုင်သည်ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေ အနေအရ စီမံကိန်းများရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည် များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်၍ရနိုင် သည့်နေရာ များကို ဖော်ထုတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များ ပြုလုပ်၍လည်း ရေအားလျှပ်စစ်ထုတ်ယူ၍ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက်များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ဆိုလာ ထုတ်လုပ် ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည် အနာဂတ်တွင် လိုအပ်ချက်ကြီးမားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကြောင်း၊ ပြည့်ဖြိုးမြဲ စွမ်းအင်နှင့်ပတ်သက် ၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန် လိုကြောင်း။
အလားတူ စက်သုံးဆီနှင့်ပတ်သက်၍လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်(EV)ကား တင်သွင်းမှုများ ကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့် သတ်ချက်ရှိနေကြောင်း၊ ကုန်သွယ်မှုပိုငွေပြနေသော်လည်းပဲ အခြားသုံးစွဲမှုများ အနှုတ် များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေဈေးမြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက် ရှိကြောင်း၊ နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံးမော်တော် ယာဉ်(EV) ကားတင်သွင်းမှုများတွင် ကန့်သတ်ချက်များဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ယခင်နေ့အစည်းအဝေးတွင် ရှင်းပြခဲ့ပြီးဖြစ်သည့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်း ချက် ပြည့်မီအောင်နှင့် သီးထပ်စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီအောင်ဆောင်ရွက်နိုင် မည်ဆိုပါကနိုင်ငံ့ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင် ရေး(Public Transportation)များကို ပိုမိုအားပေးဆောင်ရွက်ပြီး အသုံးပြုမှုများပြား လာမည်ဆိုပါက နှစ်စဉ်ပြည်ပမှ လောင်စာဆီတင်သွင်း နေရမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့်ပတ်သက်၍လည်း လျှပ်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ် သို့သွားနိုင်ရေး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကြာမီကာလ အတွင်း ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများလည်း ရောက်ရှိတော့မည်ဖြစ်ပြီး စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် လိုင်စင်မဲ့ယာဉ်များ ဖော်ထုတ်ရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ တပ်ဖွဲ့ဝင်များ အရည်အသွေးပြည့်မီ စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေး၊ နေရေးထိုင်ရေးနှင့် ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ ဖြည့် ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာ စားသောက်မှုရှိစေရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူထုနှင့်ထိတွေ့ဆက်ဆံနေရသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များဖြစ်သဖြင့် ၎င်းတို့၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန်လိုကြောင်း၊ နံပါတ်ပြားများအတုပြုလုပ်ခြင်း၊ လိုင်စင်များအတုပြု လုပ်ခြင်းများ လုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ် သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာနစ်နာမှုရှိမည်ဖြစ် သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် လိုင်စင်မဲ့မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်၊ ဦးစီးအဖွဲ့များနှင့်ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားဒေသများအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုမြန်ဆန်စေရေး ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက်အားပေ ဆောင်ရွက်ခဲ့ကြကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များကိုလည်း သီးခြားအနေဖြင့် ဖွင့်လှစ်ပေးထားပြီး ဘွဲ့ရရှိသူများအနေဖြင့် မိမိတို့ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြန်လည်ထမ်းဆောင်နိုင်ရ မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌ စည်းစနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့ကျသည့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဘွဲ့ရများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် တာဝန် များကို ထမ်းဆောင်၍ နိုင်ငံတော်ကို အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း။
အားကစားနှင့် လူငယ်ရေးရာကဏ္ဍ
အားကစားနှင့်လူငယ်ရေးရာကဏ္ဍနှင့်ပတ်သက်၍ အားကစားသည်နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများကို မြို့ကြီးများတွင်သာမက လုပ်ဆောင်၍ရနိုင်သည့်နေရာများ၌ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ မီတာ ၄၀၀ ပြေးလမ်းနှင့် အထူးတန်းပွဲကြည့်စင်ပါရှိသည့် အားကစားကွင်းရှိရမည်ဖြစ်ကြောင်း၊ Indoor Game အားကစားများဆောင်ရွက်နိုင်သည့် မိုးလုံလေလုံ အားကစားရုံနှင့် ရေကူးကန်များလည်းရှိရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် အဆင့်မီသည့်ပြိုင်ပွဲများဖြစ်ရန်လိုသကဲ့သို့ အားကစားသမားများသည် အားကစားစိတ် ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန်လိုကြောင်း၊ အားကစားမြှင့်တင်ရာတွင် အခြေ ခံ အဆောက်အဦနှင့် အထောက်အကူပြုပစ္စည်းများဖြည့်ဆည်းပေးရမည်ဖြစ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် နည်းပြများကိုလည်း စနစ်တကျဖြင့် ခန့်အပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အားကစားသမားများရွေးခြယ်ရာ၌လည်း စနစ်တကျဖြင့်စိစစ်ရွေး ခြယ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များကို အခြေခံပညာကျောင်းများ ကတည်းကပင် စနစ်တကျစိစစ်မွေးထုတ်သွားရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံ တော်၏အနာဂတ်ကို ဖန်တီးကြမည်ဖြစ်သဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းပြီး စာပေ ပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း။
ငလျင်သဘာဝဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအပေါ် သင်ခန်းစာယူ ဆောင်ရွက်သွားကြရန်
မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု များ ပတ်သက်၍လည်း မိမိတို့အနေဖြင့်သင်ခန်းစာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိခိုက်ပျက်စီး ခဲ့ရမှုများနှင့်ပတ်သက်၍ ဆုံးရှုံးမှုပမာဏအလိုက်တွက်ချက်၍ ထောက်ပံ့မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် နစ်နာသူများထံသို့ ရောက်ရှိစေရေး တာဝန်ရှိသူ များက ကြပ်ကြပ်မတ်မတ်ဖြင့် စိစစ်ထုတ်ပေးသွားရန်လိုကြောင်း၊ ပြည်ပနိုင်ငံများမှ လက်ခံရရှိသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်း လိုအပ်နေသူများထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရေးဆောင်ရွက်သွားရန်လို ကြောင်း၊ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ဆုံးရှုံးမှုတို့ကို သင်ခန်းစာယူ၍ နောင်တွင်အဆောက်အအုံများ ဆောက်လုပ်ရာ၌ သတ် မှတ်စံချိန်စံညွှန်းများပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် အနာဂတ်ကိုမျှော်တွေး၍ တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ် တကျ စိစစ်ပြီးမှသာ ခွင့်ပြုပေးသွားရန်လိုကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်မှု နှင့်ပတ်သက်၍လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှ ရှုမြင်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲ စေရေး စနစ်တကျဖြင့် တည်ဆောက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကားလမ်း များလမ်းဘေးဝဲယာ၌စိမ်းလန်းစိုပြေမှုရှိစေရေးနှင့်သဘာဝပတ်ဝန်းကျင်ကို အထောက် အကူဖြစ်စေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို သတ်မှတ်အကွာအဝေးများ အလိုက်၊ အပင်အတန်းအခြားအလိုက် စိုက်ပျိုးသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကားလမ်းဘေးများအပြင် ရထားလမ်းဘေးများ၌လည်း သတ်မှတ်ချက်များနှင့်အညီ သစ်ပင်များ စိုက်ပျိုးသွားမည်ဆိုပါက ခရီးသွားပြည်သူများအတွက် မျက်စိပသာဒ ဖြစ်စေနိုင်မည့်အပြင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ထို့နောက် လမ်းမကြီးများကို စံချိန်စံညွှန်းများနှင့်အညီ ဖောက်လုပ်ရေး၊ စနစ်တကျတွက်ချက်၍ အရိပ်ရပင်များစိုက်ပျိုးရေးအတွက် စံပြုပုံစံ Video Clip ကိုပြသသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြရာတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က နိုင်ငံတော်အနေဖြင့် ပညာ ရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်အဖျက်သမားများ အနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း လာရောက်အပ်နှံကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်သွားကြ ရန် လိုအပ်မှု၊ ဘာသာသာသနာညှိုးနွမ်းစေမည့်အပြုအမူများနှင့် မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်ရေးဆိုင်ရာများအပေါ် ထိခိုက်ပျက်စီးစေမည့်အပြုအမူများအပေါ် နိုင်ငံ တော်အနေဖြင့် အရေးယူဆောင်ရွက်လျက်ရှိမှု၊ ယခု နှစ်ဆန်းပိုင်းကာလအတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိများ ရှိခဲ့ပြီး စစ်ဆေးရေးဂိတ်များ အနေဖြင့် စစ်ဆေးမှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်နှင့် ယာဉ်ကြော ပိတ်ဆို့မှုနှင့်ကုန်စည်စီးဆင်းမှုများကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားရန် လိုအပ်မှုနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြဆွေး နွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ဆွေးနွေးပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတစ်ရပ် ကို ယခုနှစ်လကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့်တိုင်းဒေသကြီးနှင့်ပြည် နယ်ဝန်ကြီးချုပ်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင် မှုရှိစေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ပြည့်စုံစွာဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျခြင်းကြောင့် ရွေး ကောက်ပွဲဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း။
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်၌ အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်း ပေးအပ်ချိန်၌ စနစ်တကျဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့ အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီအားလွှဲပြောင်းချိန်အထိ ပြည်သူများအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့လက်အောက် ဝန်ထမ်းများအား စနစ်တကျဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ခေတ္တနေရပ်စွန့်ခွာနေရသူများအနေဖြင့် လည်း တည်ငြိမ်အေးချမ်းသည့်အချိန်တွင် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေး တာဝန် ရှိသူများအနေဖြင့်လည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ အရှေ့ဘက်နယ်စပ်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင်လောင်းကစား မှုများ၊အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ တရားမဝင်လူကုန်ကူးမှုများနှင့် အကြမ်းဖက် မှုများကိုလည်း မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက် ခဲ့ ကြောင်း၊ အဆိုပါတရားမဝင်လုပ် ငန်းများနှင့် အကြမ်းဖက်မှုများမှ ဖမ်းဆီးရမိသည့် အိမ်နီးချင်းနိုင်ငံများနှင့်အခြားနိုင်ငံစုံမှ ဖမ်းဆီးရမိသူများကိုလည်း ပြန်လည်လွှဲပြောင်း ပေးလျက်ရှိကြောင်း၊ နယ်မြေဒေသအလိုက် အဆိုပါတရားမဝင်လုပ်ငန်းများလုပ် ဆောင်မှုမရှိစေရေး သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်သွား ရန်လိုကြောင်း။
စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက် စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက်လည်း ဒေသအလိုက် ဖိဖိစီးစီးကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်ကန်သည့်သတင်းပေး တိုင်ကြားမှုများရရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့တရားမဝင်ကုန်သွယ်မှု များအား သတင်းပေးတိုင်ကြားမှုများကြောင့် ယနေ့အထိ အမှုတွဲပေါင်း ၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး သတင်းပေးတိုင်ကြားသည့် တာဝန်သိပြည်သူများကိုလည်း ထိုက်တန် သည့်ချီးမြှင့်မှုများဆောင်ရွက်ပေးခဲ့ကြောင်း။
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ စိုက်ပျိုးရေးစွမ်း အား၊ ကုန်ထုတ်စွမ်းအားနှင့် ကုန်သွယ်မှုကူသန်းရောင်းဝယ်မှုများ တိုးတက်ကောင်း မွန်စေရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရ များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ ဟန်ချက်ညီညီဖြင့် ဆက်လက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လို ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်ရှိပြီး ၄၃၀၀ ကျော်အား SME Member ကတ်များထုတ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါ MSME လုပ်ငန်းများတွင် လုပ် သားဦးရေ ၄၆၄၀၀၀ ကျော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့၌ MSME လုပ်ငန်းများ ထိခိုက်မှုရှိခဲ့ကြောင်း၊ အဆိုပါထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် MSME လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
မကြာမီကာလအတွင်း ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ် ကြောင်း၊ မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင် တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား လုံး ကျောင်းတက်ရောက်၍ ပညာသင်ကြားနိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီ မိုးရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များ ကြောင့် ထိခိုက်မှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ထားကြရန်လိုကြောင်း၊ အလားတူ မိုးရာသီသစ်ပင်စိုက်ပျိုးမှုများကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင် စနစ်ဖြင့် ရှင်သန်ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အနိုင်ရသည့်ပါတီ အား မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ပြန်လည်အပ်နှင်းပေးသွားမည်ဖြစ် ကြောင်း၊ မိမိတို့အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့်အချိန်မှစ၍ တာဝန်များပြန်လည်လွှဲ ပြောင်းပေးသည်အထိ ဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သမိုင်းမှတ်တမ်းများနှင့်ပတ် သက်ပါက ပြုစုခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်းမှုများရှိခဲ့သည်ကို သမိုင်း ကြောင်းအချက်အလက်များအရ တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ အနေ ဖြင့် လုပ်ဆောင်ခဲ့သည်များ၊ ဆောင်ရွက်ခဲ့သည်များ၊ ပြောဆိုခဲ့သည်များကို စနစ် တကျဖြင့် မှတ်တမ်းပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းရပ်များကို စနစ်တကျမှတ်တမ်း ပြုစုထားခြင်းဖြင့် လုပ်ဆောင်ရန်ကျန်ရှိသည် များကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ Check ၊ Recheck ၊ Counter Check ဖြင့် ဆောင်ရွက်ပါက ကောင်းမွန်သည့်အရွေ့တစ်ခုကိုလည်း ရရှိစေနိုင်မည်ဖြစ် ကြောင်း။
ရှေ့ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားနိုင်ရေးအတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ ခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့၏တင်ပြချက်များသည် အချက်အလက်များ မှန်ကန်မှုရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှုရှိရန်လိုကြောင်း၊ အချက် အလက်များမှန်ကန်မှုရှိမှသာလျင် နောင်တွင်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ် များအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးအတွက် လို အပ်သည့် သွင်းအားစုများကို မှန်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်ရန်လိုအပ်မည်ဖြစ်ပြီး စိုက်နည်းစနစ်များလည်း မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်သည့်အခြေခံကောင်း များကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများစွာရှိကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ သည် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်ကြောင်း၊ ဘရာဇီးလ် နိုင်ငံသည် ပဲပုတ်တင်ပို့မှုများပြားကြောင်း၊ ယင်းနိုင်ငံ များ၏ လုပ်ဆောင်မှုများ၊ အောင်မြင်မှုများကို အတုယူ၍ ဆောင်ရွက်မည်ဆိုပါက မိမိတို့အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှန် တကယ်အလုပ် မလုပ်၍သာ အောင်မြင်မှုမရရှိခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံ သည့် Agro-Base Industry ကို သွားနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး ဥပမာအားဖြင့် ဝါစိုက်ပျိုးမှုကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ဝါမှချည်ထည်၊ ၎င်းမှ ပိတ်စအထည် အလိပ်လုပ်ငန်းစဉ်တစ်ခုလုံး ဆောင်ရွက်၍ရကြောင်း။
အလားတူဝါးကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရနိုင် ကြောင်း၊ ဝါးပျော့ဖတ်ထုတ်လုပ်ခြင်းမှစ၍ ဝါးကြိတ်သားဖြင့် ပြုလုပ်ထားသည့် အသုံး အဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ စသည်ဖြင့် များစွာပြုလုပ်၍ ရနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါးအရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် ဆောင်ရွက်သွားကြရန်လို ကြောင်း။
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်ရှိ မြို့ကြီးများ ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးရာသီကာလသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍ ဆောင်ရွက်ကြရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက် သွား ကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပ နေပြည်တော်၊ မေ - ၂၀
Tuesday, May 20, 2025 - 19:00