Tuesday, May 20, 2025 - 19:00
နေပြည်တော်ကောင်စီနယ်မြေ၌ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသားများနှင့် နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦး တို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း လေ့လာရေးခရီးစဉ်များဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ပုထိုးများ၏ ပုံစံငယ်များ၊ အထင်ကရနေရာများ နှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။