news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည်   အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားတွင်  ပြည်ပတင်ပို့ရန် ဆန်တင်လုပ်ငန်းဆောင်ရွက်နေမှုနှင့် သိုလှောင်ရုံများ ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနများမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈,၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးအောင် တင်ဆောင်နိုင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆူးလေဆိပ်ကမ်း တံတား အမှတ်(၂)နှင့် အမှတ်(၅)တို့တွင် စပိန် နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့ရန်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၆၀မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေယာဉ်(၁)စီး၊ မြေတူးမြေခံ ရေယာဉ်(၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ်(၃)စီး စုစုပေါင်း ရေယာဉ်(၈)စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေယာဉ် (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁)စီး၊ မြေတူး မြေခံ ရေယာဉ်(၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) (၃)စီး၊ စုစုပေါင်း ရေယာဉ်(၈)စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ကျင်းပပြုလုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များခင်းကျင်းပြသ ရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၀

          ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် များခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအ နားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်း ကွင်း၌ ကျင်းပပြုလုပ်ရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်သည်။

          (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။

          မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် တရားမဝင် ဖုန်းရှာဖွေဖမ်းဆီး ရမိသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ခေါ်သွားသည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို တိုက်ပိတ်အရေးယူခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး ဆိုင်ရာအခွင့်အရေးတောင်းဆိုချက်အနေဖြင့် အချက် ၃ ချက်ကို လိုက်လျောပေးရန် အစာငတ်ခံဆန္ဒပြနေကြသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများဖြစ်သည့် DVB နှင့် Mizzima တို့မှ မဟုတ်မမှန် ရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၁၆ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေ များ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့ တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဥပဒေဘောင် အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။