Saturday, May 24, 2025 - 16:45
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်း အမှတ်စဉ်(၁/၂၀၂၅)မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်များ ပြီးမြောက်၍ လေကြောင်းလူငယ်သင်တန်းစခန်းများ ဖွင့်လှစ်ခဲ့သည့်ဒေသ အသီးသီးသို့ တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ရာ တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး သင်တန်းစခန်းအလိုက် သင်တန်းတာဝန်ခံများမှ သင်တန်းသား သင်တန်းသူများ အား မိဘများထံ စနစ်တကျ ပြန်လည် ပို့ဆောင်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။