လေ့လာရေးခရီးသွားရောက်ခဲ့ကြသည့် ရေကြောင်းလူငယ် အခြေခံ/တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်း၊ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့မွန်းလွဲပိုင်း တွင် မော်လမြိုင်မြို့၊ မောရဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
အလားတူ လေ့လာရေးခရီးမှပြန်လည်ရောက်ရှိလာသည့် လေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)မှ သင်တန်းသား/သင်တန်းသူများ၊ နည်းပြ နှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း(ရွှေနတ်တောင်)၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူ များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူ များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြ သည်။
၎င်းအပြင် လေ့လာရေးခရီးသွားရောက်ရာမှ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက် ရှိခဲ့သည့် ပုသိမ်လေတပ်စခန်းဌာနချုပ်၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅)မှ သင်တန်းသား/သင်တန်းသူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။