news
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၇၇၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၂၇
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် တမူးမြို့နယ်၊ ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းအား ထပ်မံသိမ်းပိုက်ရရှိ
၂ဝ၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် ဇူလှိုင် - ၂၇
၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)၊အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတာ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး ဒေါ်နီလာ တက်ရောက်ကြည်ညို၍ ဝါဆို သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
ရန်ကုန်-မော်လမြိုင်ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာအော်ဟစ် သီချင်းသီဆိုခြင်း၊ Tiktok ဆော့ကစားခြင်း၊ ရထားထိုင်ခုံလက်တန်းများပေါ်တွင် ထိုင်ခြင်းနှင့် လျှောက်လမ်းများတွင် ပိတ်ဆို့၍ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများပြုလုပ်ခဲ့သူများအား အမှုဖွင့်အရေးယူ
နေပြည်တော်၊ ဇူလိုင် ၂၇
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေ လုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်း အနားကို ယနေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက် အဦဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA) မှဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား
မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်
နေပြည်တော်၊ ဇူလိုင် - ၂၇










































































































































