၂၀၂၆ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၅
တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများ မှတစ်ဆင့်နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ်တက်လှမ်းနိုင်စေရန် နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများစဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်တပ်မ တော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသောအားကစားကွင်းများနှင့်အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲများကိုယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌အမျိုးသမီးတုတ်ထောက်ခုံပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၁)မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီးမီတာ-၄၀၀အပြေးပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲ၊အမျိုးသမီး(၇)မျိုးစုံ(၂)တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊အမျိုးသား အလျားခုန်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၄)မီတာ-၂၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲများကိုလည်းကောင်း၊ဇေယျာသီရိ အမှတ်(၁)လေ့ကျင့်ရေးကွင်း၌ အမျိုးသား၊ အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၃) သံလုံးပစ်ပြိုင်ပွဲဗိုလ်လုပွဲကိုလည်းကောင်းအသီးသီးယှဉ်ပြိုင်ကြပြီးအောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်အားကစားသမားများကိုတာဝန်ရှိသူများကတစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
အလားတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော် (ကြည်း၊ ရေ၊ လေ) ဂျူဒိုပြိုင်ပွဲကိုဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အမျိုးသား၊ အမျိုးသမီး ကီလိုတန်း အလိုက် အတိုက်ပြိုင်ပွဲများအသီးသီးယှဉ်ပြိုင်ကစားကြပြီးအောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်အားကစားသမားများကိုတာဝန်ရှိသူများကတစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကိုဇေယျာသီရိတပ်မတော် အားကစာရုံ(B)၌အမျိုးသား၊ အမျိုးသမီးကွားတားအဆင့်ပတ်လည်ပြိုင်ပွဲများကိုလည်းကောင်း၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကိုဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အမျိုးသားဓားနှစ်လက်အတိုက်(က)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်(က)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်(ခ)တန်း၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲ၊အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသား ဗန်တိုအတိုက်(ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(က)တန်း၊ အမျိုးသမီးပန်ကြပ် ဆီလပ်အတိုက်ပြိုင်ပွဲများကိုလည်းကောင်းအသီးသီးယှဉ်ပြိုင်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော် (ကြည်း၊ရေ၊လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း (၂) ယောက်တွဲ ရှုံးထွက်ပွဲစဉ်များ၊အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲပွဲစဉ်များ၊ အသက်(၂၅) နှစ်အောက် (၃)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကိုနေပြည်တော်ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၊တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် အကြိုဗိုလ်လုပွဲပွဲစဉ်များ နှင့် အလွတ်တန်းပွဲစဉ်များကိုအသီး သီးယှဉ်ပြိုင်ကစားကြသည်။
ထို့အတူ ၂၀၂၆ ခုနှစ် (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့်ဘောလုံးပြိုင်ပွဲကိုညနေပိုင်းတွင်ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင် ကစားကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း ကကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု အသင်းအား(၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ဇေယျာသီရိအမှတ်(၁)လေ့ကျင့်ရေးကွင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကတောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကိုနှစ်ဂိုးဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင်အားကစားသမားများနှင့်အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။(၁၀၀)
















