ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဟိုပုံးမြို့နယ်၊နားလုံကျေးရွာအနီးအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ၈၇ဦးအားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ နေပြည်တော်အောက်တိုဘာ၅

Monday, October 5, 2026 - 15:00

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဟိုပုံးမြို့နယ်၊နားလုံကျေးရွာအနီးအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ၈၇ဦးအားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

 

နေပြည်တော်အောက်တိုဘာ၅

 

နိုင်ငံတော်အစိုးရအနေဖြင့်မြန်မာနိုင်ငံအတွင်းသို့တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီးဒေသတွင်းပြည်သူလူထုကိုသာမကကမ္ဘာတစ်ဝန်းရှိလူသားမျိုးနွယ် အားလုံး၏လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင်အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်း ကစား  မှုကျူးလွန်သူများအား  ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကိုအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့် အပြင်အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ထိုသို့အရှိန်အဟုန်ဖြင့်တက်ကြွစွာဆောင်ရွက်လျက်ရှိရာယနေ့တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဟိုပုံးမြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လုပ်ကိုင်နေသူများအားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဟိုပုံးမြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်းတာဝန်သိ  ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရနယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များပါသောပူးပေါင်းအဖွဲ့များကသတင်းကွင်းဆက်ရယူဖော်ထုတ်၍နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာယနေ့နံနက်၇နာရီခန့်တွင်ဟိုပုံးမြို့နယ်၊မိုင်းပွန်မြို့၏အနောက်တောင်ဘက်၂၁ကီလိုမီတာခန့်အကွာနားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်နေသည့်မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသားအမျိုးသား၇၅ဦး နှင့် မြန်မာနိုင်ငံသား၁၂ဦး ၊စုစုပေါင်း၈၇ဦး တို့အားအလျား၆၀ပေ၊အနံ၂၀ပေ၊ လူနေဆောင်နှင့်အလုပ်ရုံတွဲလျက်ယာယီမိုးကာတဲ၂လုံး၊ အလျား၄၀ပေ၊အနံ၂၀ပေစားချက်ဆောင် ယာယီမိုးကာတဲ၁လုံး၊အလျား၄၀ပေ၊ အနံ၂၀ပေဆောက်လုပ်ဆဲ ယာယီမိုးကာတဲ၁လုံး၊  STAR LINK ၄ စုံ၊ ALL IN ONE COMPUTER  ၁၇လုံး၊ LAPTOP ၂ လုံး၊ဖုန်းမျိုးစုံ၅၂၄လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။