news
နေပြည်တော်၊ ဖေဖော်ဝါရီ-၁
လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲ
ယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အင်တာနက်လိုင်းများပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဘဏ်လုပ်ငန်းများ အဆင်ပြေစွာဖြင့်ပုံမှန် ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော်။ ဖေဖော်ဝါရီ - ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်သည်။
နေပြည်တော်၊ နိုဝင်ဘာ - ၇
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို တပ်မတော်သားများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။













