လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်းဖြင့် ပစ်ဖောက်ထွက်ပြေးသူအား ပစ်ခတ် ဖမ်းဆီးစဉ် ဒေသခံပြည်သူ ၂ ဦး မတော်တဆဒဏ်ရာရရှိ နေပြည်တော်၊ မေ - ၅

Wednesday, May 5, 2021 - 16:00

 

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် CDM လှုပ်ရှားမှုကိုအခြေခံပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော်လျက်ရှိခြင်း ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများက ဉပဒေနှင့်အညီ အရေးယူဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။

          ထိုသို့ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော အုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် လုံခြုံရေး အဖွဲ့အစည်းများအား ဆူပူဆန္ဒပြမှုကိုအခြေခံ၍ အကြမ်းဖက်မှုများကို ဦးတည်ဆောင် ရွက်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ဒေသန္တရလက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ မီးလောင်ဗုံးများ၊ စကေဘာများ၊ ပုဆိန်များ၊ ဂျင်ကလိများ၊ ဒူးလေး များဖြင့် အကြမ်းဖက်တိုက်ခိုက်လာကြသည်။

          ထိုသို့ အကြမ်းဖက်တိုက်ခိုက်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့များအလိုက် လှည့်ကင်း၊ ပတ်ကင်းများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၂ လမ်းနှင့် ၆၆ လမ်းထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၁ ဦးက လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက် ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက အဆိုပါပစ်ပေါက်ထွက်ပြေးသူအား ဖမ်းဆီး ရမိရေး ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထို့သို့ပစ်ခတ်ခဲ့ရာ တရားခံအား ထိမှန်မှုမရှိဘဲ ကားလမ်းမျက်နှာပြင်မှတစ်ဆင့် အလုပ်သမားဆေးရုံရှေ့၌ ရပ်ထား သည့် မော်တော်ယာဉ် ၁ စီးပေါ်ရှိ သိန်းသန်းထွန်း(၂၄)နှစ် (ဘ) ဦးမောင်ဆိုင်းရန် အား ဝဲပါးရှပ်ထိဒဏ်ရာ ၁ ချက်၊ မနီနီဝင်း(ခ)အားဝေ(၃၀)နှစ်(ဘ) ဦးဆူထွေးခုံ အား ဝဲမျက်လုံးတွင် ၁ ချက် မတော်တဆထိမှန် ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရသူများ အား အထွေထွေရောဂါကုဆေးရုံကြီးသို့ အချိန်မီပို့ဆောင် ကုသပေးသော်လည်း မနီနီဝင်း မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

          ထိုသို့ မတော်တဆထိခိုက်သေဆုံးမှုအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။