နည်းပညာတက္ကသိုလ်(လွိုင်ကော်)ရှိ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု ပစ္စည်းများ ပျောက်ဆုံး
နေပြည်တော်၊ မတ် - ၉
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအနေဖြင့် ကယား ပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြား စေရန်ရည်ရွယ်၍ ပြည်နယ်၏မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ လည်း ကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့သည်။















