ဘားအံ-ကော့ကရိတ်သွားလမ်းပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတား အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖျက်ဆီး နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

Saturday, December 24, 2022 - 17:15

           ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံ-ကော့ကရိတ်သွား ကားလမ်း မိုင်တိုင်အမှတ်၊ ၁၁၁ နှင့် ၁၁၂ ကြား ငါးတိုင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ အရှည် ၄၆ ပေ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၂ ပေ ရှိ သံကူကွန်ကရစ်အမျိုးစား တံတားအား ယနေ့နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင်  KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း  အဆိုပါ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဘားအံမြို့ ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ သွားသည့် ကားလမ်း ၏ ညာဘက်ခြမ်းမှာ ၂ ပေပတ်လည်ခန့် ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ပြင်ဆင် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။