နေပြည်တော်၊ ဒီဇင်ဘာ - ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်ဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်နယ်ဝန်ကြီးများက ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာဘုရားဝန်းအတွင်းရှိ သာသနာ့ဗိန်မာန်တော်ကြီး၌ သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။