ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင်လုပ်သား ၃ ဦးအား ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရတနာရေနံစင်အထောက်အကူပြုရေယာဉ်မှ ကယ်ဆယ်ပေးခဲ့ပြီး ယနေ့ညနေ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင် ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။
news
KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကုန်သွယ်ရေးဇုန် ၏ အနောက်ဘက် မီတာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ အား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ က မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် ကုန်သွယ် ရေးဇုန် အဆောက်အဦနှင့် X-Ray စက်တို့ ပျက်စီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား အမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ်နှင့် အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ် ဖိတ်ခေါ်စက်ဘီးစီး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ကျူံး၏ အရှေ့မြောက်ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၃၄ ဦးတို့အား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော အောက်ဖော်ပြပါ နိုင်ငံရေးပါတီများသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ လာရောက်လျှောက်ထားခဲ့သည် -
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မတ် - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံ ပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။



























