ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပညာရေးဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော် သားများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇၀ စု၊ လူဦးရေ ၆၅၀ ဦးနှင့် လှူဒါန်းထားရှိသည့် စားနပ်ရိက္ခာ များအား အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည်ချုပ်စက်ရုံသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လှည်းကူး မြို့နယ်၊ စာဘူးတောင်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူ ၁၂၇ ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။