“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် စက်တင်ဘာ - ၂၄
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက် ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင် အတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှ အရာရှိ၊ စစ်သည် များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ
ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ ရာတွင် ဘုရားကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ် အပျိုတော်ထွက်ခန်းနှင့် နှစ်ပါး သွားခန်းတို့ဖြင့် စတင်အစပျိုးခဲ့ပြီး ကပြဖျော်ဖြေသည်။ ထို့နောက် ဘုရင့်နောင် မင်းတရား ကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ် ညီလာခံခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာ လေ့ကျင့် ခန်း၊ နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတု ကလျာလက်ထပ်မည့်အကြောင်းအား ပြည်သူ ပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင် နှင့် ရာဇဓာတုကလျာ လက်ထပ်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်း နှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက် လက်နက် ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းပါများ အစည်းအဝေးပြုလုပ်ခန်း၊ နတ်သျှင် နောင် နှင့် ငဇင်ကာ တွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှ တပ်မှူး ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူကီတပ်များနှင့် အပေါင်းပါတောင်ငူတပ် များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက် နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့်ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်းပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲ နန္ဒမိတ်မှ ငဇင်ကာ နှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအား စစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက် ခန်းနှင့် ဇာတ်သိမ်းခန်း တို့ကို အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် ထိထိမိမိဖြင့် ကျရာ ဇာတ်ရုပ်အလိုက် ဇာတ်ကွက်ပိုင်နိုင်စွာ တင်ဆက်ကပြ ဖျော်ဖြေကြသည်။