အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ် သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ် တို့ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်မြေခံ တပ်မ တော်သားများ၊ တပ်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေ များနှင့် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ်ချစ်ကြည်ရေးနှင့်် စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသော သီးစုံ ဒံပေါက်ထမင်းဘူးများကို ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြသီဆိုဖျော်ဖြေ
နေပြည်တော်၊ ဇွန် - ၁၃
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင် ရန် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် စဉ်ဆက်မပျက် ပို့ဆောင် ပေးလျက်ရှိသကဲ့သို့ အရပ်ဘက်ကုမ္ပဏီများမှ ရေယာဉ်များ ဖြင့်လည်းပို့ဆောင်ပေး လျက်ရှိသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားဘဲ နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သော CRPH ၊ NUG နှင့် PDF အမည်ခံ အဖွဲ့အစည်းအမျိုးမျိုး၊ ယင်းတို့နှင့်ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့က နိုင်ငံ တစ်ဝှမ်းဖောက်ခွဲ ဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့ကို အလွယ် တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်အတွက် အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်း နေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ်စဉ်များအရ တွေ့ရှိရပါသည်။









