နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်း ရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင် ကျင်းပသည့် “ထူးချင်ဖူးစမ်းမြစိမ်းရောင်ပြခန်း”တက်ရောက်ဖွင့်လှစ်၍(၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် ၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါတောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တာဝန်ရှိသူများနှင့် အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခ ရိုင်ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှ လာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်း ကျောက်များအား လှည့်လည် ကြည့်ရှုသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် တာဝန်ရှိသူများနှင့် အတူ ကရင်နှစ်သစ်ကူးနေ့အထိမ်း အမှတ်အဖြစ်ဖွင့်လှစ်သည့် မြစိမ်းရောင်သာသနာ့နယ် မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ ဖဲကြိုး ဖြတ်ဖွင့် လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယနေ့ဖွင့်လှစ်သည့်လမ်း သည်ကွန်ကရစ်လမ်း (၁မိုင်၊ ၄ဒသမ၁၇)ဖာလုံ၊ ကတ္တရာ လမ်းအတိုင်းအတာအားဖြင့် (၃ဒသမ၅)ဖာလုံနှင့် ဂဝံလမ်း(၄ဒသမ၀၁)ဖာလုံ၊ စုစုပေါင်း အတိုင်းအတာ (၂မိုင်၊ ၄ဒသမ၂၂)ဖာလုံအား (၂) နှစ်တာ ကာလအတွင်း အလှူရှင်များက ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထ ဖောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြစိမ်း ရောင်တောင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဖားစည်ကိုးချက်တီး၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေ သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသား နှစ်သစ်ကူး နေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှစ်သစ် နှုတ်ခွန်း ဆက်စကားများပြောကြားသည်။
ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တသေဋိလနှင့် ကက်သလစ်သာသနာ ဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများ ပြောကြား၍ ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားကာ တိုင်း ဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့ အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ သည် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှု အားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်းသိ ရသည်။