news

          ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား  လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာ တော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကျောင်း ထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓ ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ် ကြီးအား လာရောက် ဖူးမြော် ကြည် ညိုကြ သည်။

လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦး  လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ  လုံခြုံရေးအကြောင်းပြချက်ဖြင့် မတရားဆက်လက်ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ရက်

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ မတရားဆက်လက်ဖမ်းဆီး ထားကြောင်း   ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit  က ‌မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင် များမှ မီးရှို့ဖျက်ဆီးနေသည့်အတွက် ၎င်းကျေးရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ များလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာ ကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရသောကြောင့် ချန်းပြန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ကွင်းဆင်း ကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြော ကြားသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်း၌ တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် လာရောက်ဗုံးကျဲပစ်ခတ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး ခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။