နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိ သည်။
news
ပဲခူတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိမှု နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင် သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု၊ အမေရိကန်အစိုးရ၏ ကျောထောက် နောက်ခံပြုထားသည့် USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများအားအမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများ၊ ၂၇-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)နှင့် ကယား ပြည်နယ်တွင် စစ်ရေးနှင့်မသက်ဆိုင်သော ကယားပြည်နယ်ယဉ်ကျေးမှု အဆောက်အဦ နှင့် အကျဉ်းထောင်သို့ လာရောက်တိုက်ခိုက်မှုများ၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရှေ့မြောက်ဘက်ဒေသတွင် ဖြစ်ပေါ် နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေးလှုံ့ဆော်မှုများနှင့် ပတ်သက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြကြူလှတို့ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ နိုဝင်ဘာ - ၂၇
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်း အနားကို နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေး အဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့်ရခိုင် ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂ ရက်မှ ၂၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ပြန်လည်ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။





















































































































































