မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
news
စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Li Xiaopeng ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ၂၅ ရက်မှ ၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် Global Sustainable Transport. Forum သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ တို့မှ ပေးပို့သည့် ၉ မီတာ ကွန်ကရစ်မီးတိုင် (၇၀၀) လုံး၊ ဘိလပ်မြေ (၁၀၀၀) တန်၊ သံချောင်း (၁၅၄၃.၁၆)တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း စုစုပေါင်း တန်ချိန် (၃၂၉၃.၃၁) တင်ဆောင်၍ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင်လည်းကောင်း၊ MV Charity ရေယာဉ် သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် (၄၂၁၁၉) အိတ်၊ သံချောင်း (၆၃၃.၀၁) တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီးနှင့် မီးစက် (၁) လုံး စုစုပေါင်း တန်ချိန် (၂၇၆၉.၅၁) တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် လည်းကောင်း The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ကျေးလတ်နေ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ ပါဝင်သည့် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ မြို့ပေါ်နှင့် ကျေးလတ်နေဒေသခံပြည်သူ စုစုပေါင်း ၅၅၈၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ကျေးလက်နေ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများပါဝင်သော အထူးဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအ တွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူ များက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တွံ့တေးတူးမြောင်း မြစ်ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ မြစ်ကမ်းပါးအနီးတွင် ဆောက်လုပ် နေထိုင်လျက်ရှိသော နေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီးသွားခဲ့သည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို လုံခြုံမှု အပြည့်အဝရရှိစေရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူလူထု၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။