ဒီးမော့ဆိုမြို့၊ အရှေ့ခြမ်းကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း  သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၁၆

Thursday, January 16, 2025 - 16:15

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ အရှေ့ခြမ်းကို လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း မဟုတ်မမှန် သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား စုံစမ်း မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ အကြမ်းဖက်မှုပပျောက်စေရေးအတွက် အကြမ်းဖက်သမားများ တရားမဝင်ခိုအောင်းနေထိုင်လျက်ရှိသည့် နေရာများကို နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် နယ်မြေများအား မီးရှို့ဖျက်ဆီးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများအသိပင် ဖြစ်ကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်မှား၊ အမြင်မှားဖြစ်စေရန် လူမှုကွန်ရက်မှတဆင့် သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။