တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊   ထနီး​​ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ-၁၅

Wednesday, January 15, 2025 - 15:00

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်​ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ အောင်ကျိုက္ခမီ ဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၅၅ တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၄၅  ဦး၊ ခွဲစိတ်ရောဂါ ၁၆ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၂၁ ဦး၊ ကလေးရောဂါ ၂၂  ဦး၊ အရိုးရောဂါ   ၇၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၂ ဦး၊ မျက်စိရောဂါ  ၈၈  ဦး၊ သွားရောဂါ ၅၁  ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၄  ဦးကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်လူနာ ၃၁ ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၂၈   ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇  ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။