news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၂ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း    ၉   ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၁ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း     ၉    ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ     ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၀ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း    ၉     ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇     ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်        

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်   ၂၉  / ၂၀၂၄ ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း     ၉    ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာ များကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာပြုလုပ်မိတဲ့ မကောင်းတဲ့ အတွေး၊ အပြုအမူနဲ့လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင် ကြတဲ့ကာလဖြစ်ပါတယ်။

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နေ့ဖြစ် သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့သင်္ကြန်အတက်နေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များတက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာရှင်များ၊ တေးသံရှင် များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။