တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်၊ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၅ ရက်

Wednesday, February 5, 2025 - 16:00

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယ‌နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ကျောင်းသစ်‌ကျောင်းတိုက်၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၂၆ ဦးအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၄ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၉၇ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၃၉ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။