မြောင်မြို့နယ်၊ မြစ်ဆုံရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် အိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ ၅ ရက်

Wednesday, February 5, 2025 - 16:00

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်းချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်များအတွင်း အကြမ်းဖက်သမားများခိုအောင်းနေထိုင်မှုမရှိစေရေး လိုအပ်သော လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ မရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံ အားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များ အတွင်းသို့ အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း၊ အထက်ပါသတင်း သည် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။