မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ကျောက်လုံးကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးအား ဖမ်းဆီးခဲ့ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်၍နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ အား ဥပဒေမဲ့ဖမ်းဆီးခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းမှုကိုမလိုလားဘဲ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအား အနိုင်ကျင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို ပြည်သူများအသိပင်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည်နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု ၍ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။