မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဇွန် ၁၈
မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် KIA အဖွဲ့ က မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုံပါကျေးရွာနေ သူရဇော်(၂၇)နှစ် (ဘ)ဦးမိုး၏နေအိမ်အား အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသား များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၃၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား စိုက်ပျိုးပေး
နေပြည်တော် ဇွန် ၁၈
၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက် ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တာ်-တပ်ကုန်း အမှတ်(၁)လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုး ပေးသည်။
အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လူမှုကွန်ယက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြည်မိစေရန် မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့အစည်းများ၊ အစွန်းရောက် NLD ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများက လူမှုကွန်ယက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများ လုပ်ကြံဖန်တီး၍ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှု များပြုလုပ်လျက်ရှိပြီး ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းနှင့် အခြားသူများကျူးလွန်ရန် ထပ်ဆင့်လှုံ့ဆော်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၆)၊ သမိန်ဗရမ်းလမ်းရှိ ကညနရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုတွင်ပါဝင်ခဲ့သူအားဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၁၇
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့ တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် အကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက် လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်သူများက စိန်ရွှေကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း သို့ ဝင်ရောက်ကာ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဖတ်စာအုပ်များအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇွန် - ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားစေလျက် ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသား ခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
နေပြည်တော်၊ ဇွန် ၁၇
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၁၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးအား မုံရွာမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၉/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဇွန် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၉/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာ စကား ပြောကြားသည်။