ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ရှိ ပညာရေးဆိုင်ရာအဆောက်အဦများအား KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုအပေါ် ထုတ်ပြန်ကြေညာချက်
နေပြည်တော်၊ နိုဝင်ဘာ - ၁၇
၁။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေ သည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် စီးနင်းခဲ့သည်။




























