အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ သင်တန်းသားများ၊ ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လေ့လာ နေပြည်တော်၊ ၂၀၂၄ မေ ၂၅

Saturday, May 25, 2024 - 17:30

        အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်း သားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ များသည် ယနေ့တွင် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။

        လေ့လာရေးခရီးစဉ်တွင် သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူနှင့် ဆရာ၊ ဆရာမများ သည် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်း ဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များနှင့် ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား စိတ်ပါဝင်စားစွာ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ကြောင်း သတင်းရရှိသည်။