MNDAA ၊ TNLA အဖွဲ့ PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃
MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများ အနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ သည်။



























