၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများ နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီး ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအသီးသီးတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ ကျောင်းလာ ရောက်အပ်နှံလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက်ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ် ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ဆရာမများက လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ပညာရေး ဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့် ကလေးများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျ နေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေး လျက်ရှိ ကြောင်းသတင်းရရှိသည်။