news

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ(ခ) လင်ကျစ်မြို့ရှိ ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက်နှင့် ရန်နီအမျိုးသားစိမ့်တောဥယျာဉ် သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဟိမဝန္တာတောင်တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည်ရွယ် ၍ ကျင်းပသည့် ပဥ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ( THE 5TH CHINA XIZANG TRANS-HIMALAYA FORUM FOR INTERNATIONAL COOPERATION) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ(ခ)လင်ကျစ်မြို့ရှိ Nyingchi Rui Crown Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါ်နန်းနီနီအေး တက်ရောက်

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပထမ အကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ရုံးအမှတ် (၃၉) အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

 အခြေခံပညာ‌ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ပန်းခြံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၁၈

လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင်   ၁၇  ရက်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရ ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာသည့် GOVZCT ၆ ဘီးယာဉ်ပေါ်မှ အိုက်စ်(မက်သ် အဖက်တမင်း) ၅၀၀ ကီလို (ကာလတန်ဖိုး ၁၂ ဒသမ ၅ ဘီလီယံ)ကျပ်အား ဖမ်းဆီးရမိခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE(TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်-၁၇

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည် နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၂ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

          နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသ များ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာငွေများ နှင့် အရင်း အမြစ်များစွာ သုံးစွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် CNF၊ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည်  ချင်းပြည်နယ် အတွင်းရှိ မြို့၊ရွာများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့်  ၎င်းတို့စိတ် တိုင်းကျ အုပ်ချုပ်နိုင်ရန်ရည်ရွယ်၍ ဒေသကောင်းစားရေး ဟု မက်လုံးများပေးကာ ဒေသခံပြည်သူများက ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် လုပ်ဆောင်ခဲ့ကြ သော်လည်း အမှန်တကယ်တွင် မြို့၊ရွာများ၌ တိုက်ပွဲများဖော်ဆောင်ခဲ့သေ