news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး 

နေပြည်တော်၊  နိုဝင်ဘာ - ၁၅

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် တက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပရေးကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

              တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၁၄-၁၁-၂၀၂၅ ရက်နေ့၊ ၀၉၀၀ နာရီမှ ၁၇၀၀ နာရီအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တတိယအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေး ဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ သို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အတူ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာရာ တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashk

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)သို့ တက်ရောက်မည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့်တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက် တွေ့ဆုံသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန် နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

              ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက် ထရောနစ်မဲပေးစက် ( MEVM ) များကို ပြည်တွင်းနည်းပညာရှင်များက ပထမဆုံးတီထွင်ထုတ်လုပ် ထားခြင်းဖြစ်သဖြင့် စက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ နည်းပညာဆပ်ကော်မတီအနေဖြင့် မြန်မာအီလက် ထရောနစ် မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်း (မူကြမ်း)ကို ရေးဆွဲတင်ပြခဲ့သဖြင့် အမျိုးသားစံချိန်စံညွှန်း

            ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

            နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က သေနတ်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမှ ကချင်ပြည်နယ်၊ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ် မည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။