news

မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် - ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊  ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြည်ညိုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် Rosoboronexport ကုမ္ပဏီ၊ ညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် - ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nikolai Plato-novich Patrushev နှင့် ယနေ့နံနက်ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေး ကောင်စီအတွင်းရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 

နေပြည်တော်၊ ဇွန် - ၂၁

             တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ လက်လုပ်သေနတ် ၁၈ လက်၊ ဒူးလေး ၄ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တူမီးသေနတ် ၅ လက်နှင့် နှစ်လုံးပြူးသေနတ် ၁ လက်တို့အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၂၁

             ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောက်တံတားမြို့နယ် များတွင် ဖွင့်လှစ်ထားရှိသော “1 STOP SUPER MARKET” ဆိုင်များအား အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၂၁

             ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းအား အကြမ်းဖက်သူ ၂ ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၂၁

             တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ လူမှုကူညီရေးယာဉ်နှင့် ယာဉ်မောင်းများ၊ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၂၁

             တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူ ရန်ကြိုးစားခဲ့သူ အကြမ်းဖက်သမားများအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇွန် - ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(Moscow Conference on Internati- onal Security-2021(MCIS-2021))သို့ တက်ရောက်ရန်အတွက် ယနေ့နံနက် ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

မိတ္ထီလာမြို့၊ မြို့မ(၄)ရပ်ကွက်၊ မင်းရပ်၊ မိတ္ထီလာကန်ကူးတံတားအောက်၌ ဗုံးသီး ဟောင်း တစ်လုံးတွေ့ရှိ

နေပြည်တော်၊ ဇွန် - ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အေးချမ်းသာယာရပ်ကွက်နေ တင်အောင်ခိုင်(ခ)ကုလားကြီး(ဘ)ဦးအောင်မြင့်သည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့မ(၄)ရပ်ကွက်၊ မင်းရပ်၊ မိတ္ထီလာကန်ကူးတံတားအောက် အရှေ့ဘက်ကမ်းစပ်သို့ တံငါလုပ်ငန်း လုပ်ကိုင်ရန်ရောက်ရှိစဉ် ဗုံးသီးဟောင်း ၁ လုံးတွေ့ရှိကြောင်း သတင်း ပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျား ၁၄ လက်မ၊ လုံးပတ် ၁၁ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ဗုံးသီးဟောင်း ၁ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း