ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းအား အကြမ်းဖက်သူ ၂ ဦးက မီးရှို့ဖျက်ဆီး

Monday, June 21, 2021 - 17:15

 

နေပြည်တော်၊ ဇွန် ၂၁

             ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းအား အကြမ်းဖက်သူ ၂ ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းအား အကြမ်းဖက်သူ အမျိုးသား ၂ ဦး က မီးရှို့ထွက်ပြေးသွား၍ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ စတိုခန်း ၁ လုံးနှင့် စတိုခန်းအတွင်း ထားရှိသော စာရွက်စာတမ်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အထက်ပါဖြစ်စဉ်မှ  မီးရှို့ထွက်ပြေးခဲ့သည့် အကြမ်းဖက်သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။